သီတင်းကျွတ်မီးထွန်းပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်(၁)

9/24/09

လယ်တီ(၇)ရက် ဘုရားရှိခိုး(၄)


၎။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်း နေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အလျဉ်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံး ကျော်သည်။ သုံးဖော်လူတို့၊ ငြိမ်းပါကို။

ဒုက္ကရစရိယာ ကျင့်တော်မူခန်း


ဘုရားအလောင်းတော်သည် ဥရုဝေလတောတွင် ဒုက္ကရစရိယာအကျင့်ကို ကျင့်ကြံအားထုတ်တော်မူ၏။ အစဦးတွင် ဆွမ်းခံလှည့်၍ စားသုံး၏။ နောင်တွင် အစာအာဟာရကို ခြိုးခြံချွေတာသုံးဆောင်တော်မူ၏။ တစ်နေ့တာအတွက် ဆန်စေ့တစ်စေ့၊ ပဲနောက်စေ့တစ်စေ့(သိုမဟုတ်) ပဲပြုပ်ရည်တဇွန်းကိုသာ သုံးဆောင်တော်မူ၏။ ဤသို့ ကျင့်ကြံသော် အာဟာရဓာတ်နည်းပါးသောကြောင့် ကြုံလှီဖျော့တော့အားအင်ကုန်ခန်း၏။ မျက်နှာတော်နှင့် ဦးခေါင်းတော်သည် ဘူးသီးနုနုနေလှမ်းသဖြင့် ရှုံခွက်နေသကဲ့သို့ဖြစ်၏။ အသားအရေသည် ငါးခူးရောင် ကြမ်းပိုးကျောက်ကုန်းရောင်ဖြင့် ခြောက်သွေ့၏။ ကိုယ်ကိုလက်ဖြင့် သုံးသပ်သော် အမွေးတို့ကျွတ်၏။ နံရုံးတို့သည် ဇရပ်အိုမှ ဖရိုဖရဲကျဲသောအခြင်တို့ကဲ့သို့ဖြစ်၏။ ၀မ်းဗိုက်ကို ကိုင်သော် ခါးဆစ်ကို ကိုင်မိ၏။ တင်ပါးနှစ်ဖက်သည် ကုလားအုပ်ခွာကဲ့သို့ ရှုံခွက်နေ၏။ မတ်ရပ်ထသော် နေရာ၌လဲကျ၏။ သဗ္ဗညုတဥာဏ်တော်ရလိုသောကြောင့် ကျင့်နိုင်ခဲလှသော ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုတိုင် ကျင့်တော်မူ၏။

ဘုရားဖြစ်တော်မူခန်း


အလောင်းတော်သည် ဒုက္ကစရိယာခြောက်နှစ်တိုင် ကျင့်သော်လည်း သဗ္ဗညုဥာဏ်မရနိုင်သဖြင့် မဇ္ဈိာပဋိပဒါအကျင့်လမ်းကြောင်းပြောင်း၍ အာနပါနစတုတ္ထဈာန်ကို ၀င်စားတော်မူ၏။ ယင်းဈာန်ဝင်စားနိုင်ရန် ဆွမ်းခံလှည့်၍ ရသမျှအာဟာရကို မျှတဘုန်းပေးတော်မူ၏။ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် မဟာဗောဓိပင်ရင်း အပရာဇိတပလ္လင်တော်၌ ထက်ဝယ်ဖွဲ့ခွေစံနေတော်မူ၍ နေမ၀င်မီ မာရ်စစ်သည်တို့ကို အောင်မြင်တော်မူသည်။ ညဥ့်ဦးယံဝယ် “ပုဗ္ဗေနိဝါသဥာဏ်” ရတော်မူ၏။ သန်းခေါင်ယံဝယ် “ဒိဗ္ဗစက္ခုဥာဏ်”ရတော်မူ၏။ မိုးသောက်ယံဝယ် “အာသ၀က္ခယဥာဏ်”ရတော်မူလျှက် ဘုရားအဖြစ်သို့ရာက်တော်မူလေသည်။ ထိုအခါ “အနေကဇာတိသံသာရံ”အစချီသော ဥဒါန်းဂါထာကို ကျူးရင့်တော်မူ၏။

ဝါဆိုပွဲတော် (၂၅.၀၇.၂၀၁၀)

သင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်

လာရောက်အားပေးကြသော သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေံ

ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် ရဟန်းခံပွဲတော်

ဆီမီးထွန်းပွဲ အမှတ်တရ ဓာတ်ပုံများ