သီတင်းကျွတ်မီးထွန်းပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်(၁)

9/26/09

လယ်တီ(၇)ရက် ဘုရားရှိခိုး(၆-၇)


၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမြည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက် သသူ၊ နတ်,ဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊ သက်ကားရှင်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။

၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်ဇောÓဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။


ပရိနိဗ္ဗာန်စံတော်မူခန်း

မြတ်စွာဘုရားရှင် သက်တော် -၈၀၊ ၀ါတော်-၄၅-၀ါတွင် အာယုသင်္ခါရလွတ်တော်မူ၏။ ကုသိနာရုံသို့ ရဟန်းများခြံရံ၍ ကြွတော်မူရာ ၀မ်းလားနေသော်လည်း ဝေဒနာကိုသည်းခံ၏။ ရဟန်းများစုံညီစေ၍ ပစ္ဆိမ၀စန နောက်ဆုံးစကားမိန့်ကြားတော်မူပြီးလျှင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန်စံတော်မူ၏။ ကဆုန်လပြည့်ကျော် ၁၂-ရက်တနင်္ဂနွေနေ့တွင် တေဇောဓာတ်လောင်တော်မူ၏။ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို ရလိုမှုဖြင့် မင်းများက စစ်ပြင်ကြ၏။ ဆရာဖြစ်သော ဒေါဏပုဏ္ဏားကြီးက ဓာတ်တော်များကို ညီမျှစွာခွဲပေပေးလေ၏။ ပုဏ္ဏားကြီးမူကား ဓာတ်တော်ခြင်သော ခွက်ကိုသာရလေ၏။

ဝါဆိုပွဲတော် (၂၅.၀၇.၂၀၁၀)

သင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်

လာရောက်အားပေးကြသော သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေံ

ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် ရဟန်းခံပွဲတော်

ဆီမီးထွန်းပွဲ အမှတ်တရ ဓာတ်ပုံများ