သီတင်းကျွတ်မီးထွန်းပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်(၁)

9/24/09

မကြိုက်ဆုံးနှင့် အကြိုက်ဆုံး


ဗုဒ္ဓဘာသာ ကျမ်းဂန်စာပေများ၌ `ကုသိုလ်´သည် ကောင်းသောအကျိုးကို ပေး၏ ။ ´အကုသိုလ်`သည် မကောင်းသောအကျိုးကို ပေး၏ ။ ဤသို့လာရှိ၏။ ထိုသို့လာရှိပါသော်လည်း လောလောဆယ်မျက်မြင်အားဖြင့် သူများမျက်ခုံးမွေးအပေါ် စင်္ကြံလျှောက်နိုင်သော `လူပါးလူနပ်` များက ချမ်းသာကြသည်ကို တွေ့ရတတ်သည်။ ဘယ်သူသေသေ ငတေမာပြီးရော ဟူ၍ ခံယူပြီး ဆောင်ရွက်တတ်သူများက ကြီးပွားကြသည်ကိုလည်း တွေ့ရတတ်၏။ ဤသည်မှာ လောကမျက်မြင်ပင် ဖြစ်၏။ ငြင်း၍မရ။

ထို့အပြင် ပါးစပ်က အမျိုးဘာသာ သာသနာအတွက်ဟု အော်ဟစ်ကြွေကြော်ပြီး လက်တွေ့တွင်မူ ကြီးမားသော ဣဿာ၊ မစ္ဆရိယများဖြင့် မိမိအတွက် လုပ်နေသူများက မြင့်မားနေကြသည်ကိုလည်း တွေ့ရတတ်၏။ တချို့ကမူ ပစ္စည်းဥစ္စာ၌ဖြစ်စေ၊ ရာထူးဂုဏ်သိန်၌ဖြစ်စေ၊ ထင်ပေါ်ကျော်စောမှု၌ဖြစ်စေ တပ်မက်သောစိတ်၊ မောက်မာဝင့်ကြွားသော စိတ်၊ အခိုင်အမာပြုသောစိတ်များဖြင့် မိမိဘာသာ မိမိကြိုးပမ်းရုံသက်သက်မျှဖြင့် အားမရသေးဘဲ သူတစ်ဖက်သားကို အပုပ်ချပြီး `လု´တတ်ပါလျှင်လည်း `လု´သည့်အတိုင်းရတတ်သည်ကိုလည်း တွေ့ရတတ်၏။
ဗုဒ္ဓစာပေ၌ အဇာတသတ်က ဖခမည်းတော် သောတာပန် ဗိမ္ဗိသာရမင်းကြီးကို သတ်ပြီး ဘုရင်ဖြစ်အောင် လုပ်နိုင်သည်ကိုလည်း တွေ့ရ၏။ သမိုင်းများ၌လည်း ကောက်ကျစ်စဉ်းလဲသော လုပ်ရပ်များဖြင့် မိမိအာဏာရအောင်၊ မိမိကြီးပွားအောင် လုပ်ဆောင်ခြင်းဖြင့် ထိုလူများ အာဏာရကြသည်ကိုလည်းကောင်း၊ ကြီးပွားကြသည်ကိုလည်းကောင်း တွေ့ရတတ်ပါ၏။
ကမ္ဘာ့သမိုင်း၌လည်း လက်နက်အားကိုးဖြင့် သူတစ်ပါးနိုင်ငံများကို တိုက်ခိုက်သိမ်းပိုက်ယူပြီး ``အင်ပါယာ´´ထောင်နိုင်သည်အထိ ကြီးပွားချမ်းသာကြသူများကိုလည်းတွေ့ရတတ်၏။ ဤသည်များမှာလည်း မငြင်းနိုင်သော အထောက်အထားများပင် ဖြစ်ကြ၏။
သို့ဖြစ်လျှင်-
ယာဝဇီဝံ သုခံ ဇီဝေ၊ ဣဏံ ကတွာ ဃဋံ ပိ ဝေ။
တသ္မိံဘူတဿ ဒေဟဿ၊ ပုနရာဂမနံ ကုတော။
0 comments ဟူသော ဥစ္ဆေဒ၀ါဒီ စာရ်ဝါကတို့၏ အယူကပင် မှန်နေသယောင်ရှိ၏။ သူတို့၏ အယူအရ ``လောကဟူသည် ကစားကွင်းဖြစ်၏။ ဘ၀ဟူသည်မှာ ကစားပွဲ ဖြစ်၏။ လူတို့သည် ကစားသမား ဖြစ်ကြ၏။ ထို့ကြောင့် ကစားပွဲတို့၏ ထုံစံအတိုင်း နိုင်အောင်ကစားရမည်ဖြစ်၏။ နိုင်ဘို့သာ အရေးကြီး၏။ ဘယ်နည်းဖြင့် နိုင်နိုင် နိုင်လျှင် `ဆု´ရမည်ဖြစ်၏။ တရားသည် မတရားသည်များကို အလေးထားမည် မဟုတ်၊ တမလွန်ဘ၀ကိုလည်း ထည့်တွက်ရမည် မဟုတ်၊ တကယ်တမ်း ထည့်တွက်ရမည်ကား မိမိနိုင်ရေးပင် ဖြစ်၏။
ထိုအယူသည် ယနေ့ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာအဖြစ် ခံယူကြသူများတွင် အများစုက လက်တွေ့လိုက်နာကျင့်သုံးနေကြသည့် အယူဝါဒနှင့် တူသယောင်ရှိ၏။
အထက်ပါ ဂါထာ၏ မြန်မာပြန်အနက်မှာ-
လူ့ဘ၀မှာ အသက်ရှင်နေရမည်ဆိုလျှင် မည်သည့်နည်းဖြင့် ဖြစ်ဖြင့် ချမ်းသာစွာ အသက်ရှင်နေရအောင် လုပ်သင့်၏။ ကြွေးတင်ခံပြီး ထောပတ်ကို မှီဝဲသင့်၏။ သေပြီးနောက် ပြာမှုန့်ဖြစ်သွားပြီးတော့ နောက်ဘ၀၌ မည်သို့လျှင် အသက်ပြန်ရှင်နိုင်ပါတော့မည်နည်း ဟူ၍ဖြစ်၏။
ဤသည်မှာ မဇ္ဇိမဒေသရှိ ဒဿနဂိုဏ်ကြီးတို့၏ အမြင်ဖြစ်၏။ ဤဒဿနဂိုဏ်းကြီး၏ အမြင်အယူသည် ပါးစပ်ပြောအနေဖြင့် ဆိုရလျှင် များစွာပင် စက်ဆုပ်ဖွယ်ဖြစ်၏။ သို့ရာတွင် လူတို့သည် လုပ်ငန်းကို လုပ်ရာတွင် ထိုအမြင်ထိုအယူအတိုင်း လက်တွေ့အားဖြင့် ကျင့်သုံးနေကြသည်ကို တွေ့ရ၏။ ထိုအပြင် ထိုအယူကား ဗုဒ္ဓဘာသာဝင် မစစ်သူများအတွက် ပါးစပ်နေဖြင့် မကြိုက်ဆုံးဖြစ်သော်လည်း လက်တွေ့အနေဖြင့်မူ အကြိုက်ဆုံး ဖြစ်နေသည်ကို တွေ့ရတတ်ပါ၏။

ဦးရွှေအောင်
အမြင်များ ပြောင်းလဲခြင်း

ဝါဆိုပွဲတော် (၂၅.၀၇.၂၀၁၀)

သင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်

လာရောက်အားပေးကြသော သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေံ

ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် ရဟန်းခံပွဲတော်

ဆီမီးထွန်းပွဲ အမှတ်တရ ဓာတ်ပုံများ