သီတင်းကျွတ်မီးထွန်းပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်(၁)

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

4/4/10

ရာသီဖျက်အိမ်



အလည်လာသူအတွက်
အချိန်မနှောင်းသေးပါဘူး
တိတ်တဆိတ်ပြန်သွားမှာကို
တိတ်တိတ်ကလေး စိုးရိမ်နေသူက ကိုယ်ပါ…….။

တကယ်ဆို လန်းလန်းဆန်းဆန်း
တပွင့်ပန်းဖြစ်သင့်တာပေါ့
ရာသီပိုးစားလို့
ဝေသင့်သလောက် မဝေဖြစ်ခဲ့တာက
ကံကြမ္မာလို့ ပြောရမလား။

ကံတရားကို ရိုးမယ်ဖွဲ့နေလို့
ဒီရာသီမပြောင်းလွဲနိုင်ပါဘူး
လုံးလမထူ၊ ဥာဏ်မကူပဲ
ဒီကံတရားက ခွန်အားရှိနိုင်ပါ့မလား။

ကျွန်တော် အိမ်ပြန်ချင်တာတောင်
မိုးက မလင်းနိုင်သေး
ဒီစိတ်ကူးတွေနဲ့
ည-ပျောက်ပေါင်းလည်း များပြီ။

အတွေးသစ်တွေစုပေါင်း
စည်းလုံးမှုချည်တိုင်မှာ
ညီညွှတ်ခြင်းကြိုးနဲ့
ရစ်ပတ်ထားမယ်ဆိုရင်
သံသရာ-ဒီလောက်မရှည်နိုင်ပါဘူး။

ရာသီမကောင်းတော့
လဲပြိုနေတဲ့ ဒီအိမ်ပျက်ကြီး
ပြုပြင်သူမဲ့နေတော့
ပင့်ကူတွေ မင်းမူလို့
ဘယ်အချိန် ပြန်လည်ဆောက်နိုင်မလဲ
ခြောက်ကပ်ကပ် မျှောက်လင့်ချက်တစ်ခု
ဝါးမျိုစားသောက်ရင်း…….
ဒီရာသီ မိုးကောင်းပါစေလို့ ဆုတောင်းနေမိတယ်။


သားရွှေ
ဆက်လက်ဖတ်ရှုရန်.....

3/28/10

နွံနစ် ဆန္ဒ



မပြောချင်ပါဘူး အတိတ်အကြောင်း
မကြားချင်ပါဘူး အနာဂတ်အကြောင်း
ငါလိုချင်တာ ပစ္စုပ္ပန်၊ ငါခိုနားရာ မျက်မှောက်ပါ
အရောင်မပြောင်းလွဲခင်၊ ငါလိုချင်တာ………ငြိမ်ဆေးတစ်ခွက်ပါ။

မိုင်ပေါင်းများစွာ ခရီးနှင်းပေမဲ့
လမ်းမပေါက် လမ်းစပျောက်နေတဲ့
ငါ့အဖြစ်ကို……..အမောပြေ ဆေးတစ်ခွက်
တိုက်လှည့်ပါ။

ပန်းတွေ ကြွေမသွားခင်
လန်းဆန်းခွင့် ခိုနားရာလေး….
အမှောင်မလာခင်
နေရာယူ အဆင်သင့်လုပ်ပိုင်ခွင့်လေး……
ချည်တိုင်မဆွေးခင်…..ငါလိုချင်တာ အားဆေးတစ်ခွက်ပါ။

ဟောင်းနွမ်းနေတဲ့ ……..ဟို…..အိမ်ကြီး
ဘယ်ချိန်ပြန်လည်တည်ဆောက်နိုင်မလဲ
ငါ့အတွေးက တမျှော်တခေါ်
လှိုင်ထန်တဲ့ကြားထဲ
လှပတဲ့ ပွင့်ချပ်ကိုတော့
နမ်းခဲ့ချင်သား။

အိပ်မပျော်ဘဲ အိပ်မောကျနေတော့
နိုးရတာခက်သား
မောင်မင်းကြီးသား ကျန်းမာပါစေ။

သားရွှေ
ဆက်လက်ဖတ်ရှုရန်.....

10/14/09

သံသရာ


ပိတ်ကားချလိုက်ရုံနဲ့
ဇာတ်လမ်းက ပြီးသွားမှာလား
ဘ၀က အဆုံးသတ်ဖို့မလွယ်ဘူး
သံသရာဆိုတာခန္ဓာဘဲလေ။
-ငါ့ယာတောလေးထဲ
မလိုချင်တဲ့ ကိလေသာတွေ စည်ပင်လို့ပေါ့။
- ဟောဒီ ကရွတ်ခွေကနေ
ရှေ့ဂျွမ်းထိုးလိုက် နောက်ဂျွမ်းထိုးလိုက်ရုံနဲ့
ဝိမုတ္တိတွေဖြစ်နိုင်မလား။
ဘ၀က …………….
ဟိုဘက်ကမ်းကို ရောက်ဖို့မလွယ်ဘူး။
-ငါ့မှာဖောင်တွေမရှိဘူး
ငါလုပ်နေတာ ငါ့ကို ချည်နှောင်ခြင်းတွေဘဲ
ငါတီးနေတဲ့ သံစဉ်က
သုံးဆယ့်တစ်ဘုံမှာ ကဖို့ဘဲ။
-ဒီလို့နဲ့ဘဲ………………..
ဂျာအေး သူ့အမေ့ရိုက်ခဲ့ပြီး
ပေါက်ပင်ဗျိုင်းနား ကိုင်းခဲ့ပြီး
သံသရာဆိုတာ ခန္ဓာကို ဆွဲဆန့်ခြင်းဘဲ။ ။


ဒီနွယ်မျိုး
ဆက်လက်ဖတ်ရှုရန်.....

9/25/09

ဒုက္ခနဲ့ပွင့်တဲ့သစ်ပင်


ပန်မလာတော့ဘူး
ဟိုတုန်းကဆိုတာတွေနဲ့ စလိုက်တိုင်း
ဟိုတုန်းကဆိုတာတွေ ပြန်မလာတော့ဘူး။

မျက်လုံးဖွင့်မရအောင်ကို
အမှောင်ထုက သိပ်သည်းလွန်းတော့
အလင်းကိုရှာဖို့ အိမ်နဲ့ ဝေးရာထွက်ခွါခဲ့
ကျောသားရင်သားမခွဲခြားတဲ့ ကျွတ်ဆတ်မှုနဲ့ 
ထိလွယ်ရှလွယ် ငယ်ဘဝတွေ
ပြန်မလာတော့ဘူး။

ဓာတ်စီးနေတဲ့ စိတ္တဇနဲ့ 
ရောမမြို့ကြီးကိုရှို့မယ့် မီးတစ်စနဲ့ 
သွေးသားမှာအောင်းဝင်နေတဲ့ ကဗျာတစ်ပုဒ်နဲ့
လမ်းရှိရာမြွေတစ်ကောင်လို ရင်နဲ့တွားထွက်ခဲ့
ဟိုးတုန်းက မလည်မ၀ယ် ကောင်လေးတစ်ယောက်
ပြန်မလာတော့ဘူး။

အရောင်တွေ စုံလွန်းတော့လဲ
ဒုက္ခဆိုတာလဲ ခုံမင်စရာတွေပဲပေါ့
အဆင်ပြေသလိုဆိုတာတွေနဲ့ လှော်ရင်းမျောရင်း
ကမ်းနဲ့ဝေးတော့လဲ ဝေးပစေတော့ပေါ့
ကဗျာတွေကိုတော့ တယောက်တလေများ
ခံစားကောင်းခံစားနိုင်ပါရဲ့လေ
ဟိုတုန်းက လယ်ကွင်းထဲပြေးနေတဲ့ ကောင်လေးတယောက်
ပြန်မလာတော့ဘူး။

မေတ္တာတရားကို အငတ်ကြီးငတ်ခဲ့ပါလျက်
အမေနဲ့ဝေးတဲ့အရပ်ကိုမှ
တဘ၀လုံးလုံး အပျံသင်ချင်တဲ့သူပါလေ
ဟိုတုန်းက လွယ်အိပ်မနိုင်တနိုင် ကောင်လေးတစ်ယောက်
ပြန်မလာတော့ဘူး။

အဲဒီလိုပါ
ဖက်တွယ်မိတဲ့ ယုံကြည်မှုကိုပဲ ကျစ်ကျစ်ပါအောင်ဆုပ်ရင်း
ပြောချင်တဲ့ အသေးအမွှားများစွာကိုတော့
ပြောခွင့်ရခဲ့ပါရဲ့
အမေမျှော်လင့်ခဲ့တဲ့ အလားအလာကောင်းများစွာနဲ့
ဟိုတုန်းက ခပ်နူံနူံမရဏဖွား ကောင်လေးတစ်ယောက်
ပြန်မလာတော့ဘူး။

ပြန်မလာတော့ပါဘူးလေ
စိတ်ရော ကိုယ်ရောအားလုံးပါပဲ
ဟောဒီတောမီးလောင်နေတဲ့ ခေတ်ကြီးထဲတိုးဝင်လေလေ
တခြမ်းစောင်းနေတဲ့ ငါတို့မြေပုံလေးကို ငေးမိလေလေ
ဟိုတုန်းက လွတ်လွတ်လပ်လပ်ရယ်မောတတ်တဲ့ ငါ့ရယ်သံတွေတောင်
ငါ့ဆီပြန်မလာတော့ဘူး ။ ။



နေမွန်းသင်
ဆက်လက်ဖတ်ရှုရန်.....

9/24/09

အိမ်

+အိမ်ရှိပေမဲ့
အိမ်ပြန်ချိန် မရှိတော့ဘူး။

+ပစ်ချလိုက်တဲ့ ကံက
စေတီ နဘေးနားမှာ
ပ၀တ္တိကံက
ဘောင်ဘီဝတ်တဲ့ ခေတ်ပေါ်မှာ
စီးလားတဲ့ကားက ခရီးမှားကြီး။

+ငါတို့ မျိုးစေ့တွေက
ရာသီမှားပြီး ပွင့်ခဲ့တာလား။
+သူများတွေ အိပ်တန်းပြန်ကုန်ပြီလေ
ကွင်းစိမ်းစိမ်းကြီးထဲမှာ
တောတွေမှောက်လို့။
+သတိတရစိတ်တွေ တနင့်တပိုးနဲ့
အိမ်ပြန်ချင်လိုက်တာ။
+အိမ်ရှိပေမဲ့
အိမ်မပြန်နိုင်တဲ့ ဘဝ
ဘယ်သူတွေ ခံစားဘူးလဲ။
+ဒီကမ္ဘာကြီးထဲ ရှင်နေလျှက်
မလုံခြုံနိုင်တဲ့ ဘ၀။
+လွမ်းလွမ်းဆွေးဆွေး ရွာဦးထိပ်က စေတီလေး
အဝေးရောက် ဦးခိုက်မူတွေနဲ့
ရင်ဘက်ထဲ မိုးတွေသဲလို့။ ။

ဒီနွယ်မျိုး
ဆက်လက်ဖတ်ရှုရန်.....

9/18/09

ပင်လယ်ခရီးသွား

အုပ်ဆိုင်း မှောင်မှောင်
လွမ်းတွေက ကမ်းခြေရိပ်မှာ
မှိုင်းဆိုင်လို့ခို........
မှောင်ဆန်တဲ့ ပင်လယ်ခရီး
သွားပြန်လို့စီး.
.................။ k2-လတ်
ဆက်လက်ဖတ်ရှုရန်.....

9/17/09

သန်းခေါင်ယံက ပေးတဲ့သတိ

ကြိုးမဲ့သမုဒယချည်တိုင်မှာ
ခိုင်မြဲစွာနှောင်ဖွဲ့၍
ကြည်နူးမှုတွေ၊
ကျေကွဲမှုတွေကို
ဝါးမျိုစားသောက်ပြီး
ရုန်းကန်လှုပ်ရှားရင်း
အိပ်ပျော်ချိန်ကို
စောင့်ဆိုင်းနေကြတဲ့
…………………………။
ဆယ်သိန်း
ဆက်လက်ဖတ်ရှုရန်.....

ဝါဆိုပွဲတော် (၂၅.၀၇.၂၀၁၀)

သင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်

လာရောက်အားပေးကြသော သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေံ

ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် ရဟန်းခံပွဲတော်

ဆီမီးထွန်းပွဲ အမှတ်တရ ဓာတ်ပုံများ