သီတင်းကျွတ်မီးထွန်းပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်(၁)

9/22/09

လယ်တီ(၇)ရက် ဘုရားရှိခိုး(၁-၂)


၁။ သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင် စကြဝဠာ၊ နတ်,ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန် မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်,လူငြိမ်းဖို့၊ ကိန်းပါကို။
၂။ သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်။ နတ်,လူအောင်မြို့၊ လမ်းပါကို။

ပဋိသန္ဓေယူခန်းနှင့် ဖွားတော်မူခန်း
မဟာသက္ကရာဇ် ၆၇-ခုနှစ်၊ ၀ါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ယံ၌ သီရိမာယာဒေ၀ီမိဖုရားခေါင်ကြီး၏ ၀မ်းကြာတိုက်သို့ မြတ်သော ဆင်ဖြူတော်သည် လက်ယာရစ် လှည့်ပြီးနောက် လက်ယာနံပါးမှ ၀င်ရောက်ကြောင်း အိပ်မက်မြင်တော်မူ၍ အလောင်းတော်သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူတော်၏။
မဟာသက္ကရာဇ် ၆၈-ခုနှစ်၊ ကဆုန်လပြည့်သောကြာနေ့တွင် လုမ္ဗနီအင်ကြင်းတော၌ ဘုရားအလောင်းတော်ဖွားမြင်တော်၏၊ ဖွားမြင်ပြီးနောက် မြောက်အရပ်သို့ ခုနှစ်ဖ၀ါးလှမ်းကြွတော်မူ၍ “ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏၊ ငါသည် လောကတွင် အကြီးအကဲဆုံးဖြစ်၏၊ ငါသည် လောကတွင် အချီးအမွမ်းခံထိုက်ဆုံးဖြစ်၏“ဟူသော သုံးခွန်းသောစကား ကြုံးဝါးတော်မူ၏။

ဝါဆိုပွဲတော် (၂၅.၀၇.၂၀၁၀)

သင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်

လာရောက်အားပေးကြသော သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေံ

ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် ရဟန်းခံပွဲတော်

ဆီမီးထွန်းပွဲ အမှတ်တရ ဓာတ်ပုံများ