၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ်၊ ခညောင်းကပ်လာ၊ နတ်,ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်။ တရားနတ်စည် ရွမ်းတယ်ကို။
ဓမ္မစကြာတရား ဟောတော်မူခန်း

မြတ်စွာဘုရားဖြစ်တော်မူပြီးနောက် ကာမဂုဏ်၌ မွေ့လျော်သော ဤသတ္တ၀ါများကို တရားဟောသော် တရားကိုလွယ်ကူစွာ နားလည်နိုင်ကြမည်မဟုတ်ကုန်။ တရားဟောလျှင် ပင်ပန်းရုံသာဖြစ်မည်ဟု အကြံဖြစ်လာ၏။ သဟမ္မတိဗြဟ္မာကြီးတောင်းပန်ချက်အရ တရားဟောရန်သင့်မည် ပုဂ္ဂိုလ်ကို ကြည့်လတ်သော် ပဉ္စ၀ဂ္ဂီငါးဦးရှိရာ မိဂဒါဝုန်တောသို့ ၀င်ပြီးနောက် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည် စနေနေ့ ညချမ်းနေမင်းလည်းဝင်လုဆဲ လမင်းလည်းထွက်ပေါ်လုဆဲဆဲတွင် “ဒွေ မေ ဘိက္ခဝေ”အစချီသော တရားဦးဓမ္မစကြာကို ဟောတော်မူ၏။