သီတင်းကျွတ်မီးထွန်းပွဲနှင့် ဆွမ်းတော်ကြီးတင်လှူပွဲတော်(၁)

1/24/10

လက်တစ်ကမ်းဝယ်...။


အပိုင်း(၁)

တစ်နေဝင်လို့ တစ်မိုးချုပ် ဒီအလုပ်ကိုပဲ တကုပ်ကုပ်။
အဟား ရီရတယ် အော် မြန်မာနိုင်ငံမှ ထွက်လာတာ တစ်နှစ်ကနေ နှစ်နှစ်ထဲကို ရောက်လာပေါ့။ လူကလည်း ပင်ပန်း၊ အစားကလည်း စားသလောက်မဝနိုင်။ သူများတွေလိုလည်း လှလှပပကလည်း မဖြစ်၊ ရည်းစားလည်း မရှိနဲ့။
စိတ်ထဲကပြောနေတာပါ။ အော်အပြင်မှာတော့ ဘယ်ပြောရဲပါ့မလဲလေ၊ မြန်မာစကားသံကြားရင် ရဲဖမ်းမှာ စိုးရသေး။ ထိုင်းသူဋ္ဌေးတွေက ဘတ်ဆိုတဲ့ သူတို့နိုင်ငံမှာ နေထိုင်ခွင့်ကို လုပ်ပေးမယ်ပြောပြီး အခုထိလည်း မလုပ်ပေးသေး။
အော် ဘဝများ ဘယ်လိုခရီးဆက်ရမလဲ မသိတော့ပါဘူး၊ မတွေးတာပဲကောင်းပါတယ်၊ နောင်ခါလာ နောင်ခါဈေးပေါ့။ တတ်နိုင်ပါဘူးလေ။ အိမ်က အကြွေးတွေ ကြေဖို့၊ အဖေဆေးဖိုးတွေအတွက် အားမာန်တင်းကာ လုပ်လိုက်အုံးမယ်။ နားချိန်ဖုန်းလေးတစ်လုံးရှိနေလို့ တော်သေးရဲ့။
ဟလို.....သန်းသန်းလား၊ ငါ အလုပ်ပြီးပြီ၊ စကားပြောရအောင် ငါ ဖရီးကော(free call)၊ လုပ်ထားတယ်၊ ဟင်း .....မအားဘူးလား၊ ဒါဆို ငါက ဘယ်သူနဲ့ ပြောရမှာလဲ၊ ပျင်းတယ်ဟာ ငါ့ကို စကားပြောဖို့ တစ်ယောက်၊ ယောက်နဲ့ချိတ်ပေးလေ။ အေးရပါတယ်၊ ဘယ်သူနဲ့ ဖြစ်ဖြစ် ဖုန်းပြောနေရင်ပြီးရော ဟာ။ အေး ငါ နံပါတ်မှတ်မယ်နော်။ ကျေးဇူးပဲ ဆက်လိုက်အုံးမယ်။

ဟလို....ကိုဒီးလား၊ သမီးက မီးမီးလို့ခေါ်ပါတယ်၊ သန်းသန်းရဲ့ အသိလား အစ်ကိုက။ ဟုတ်ကဲ့၊ သန်းသန်းနဲ့က ရင်းနှီးတယ် တောင်ကျော်တွေခြင်း(နယ်စပ်မှ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူ)အတူတူပါပဲ။ အစ်ကိုကရော၊ အော် အပေါ်လမ်း(passport)ကဆိုတော့ ဆရာတွေပေါ့နော်။ ဟုတ် ကိုဒီး၊ ကိုဒီးလို့ပဲ ခေါ်မယ်နော်။ ရည်းစားလား မရသေးဘူးကိုဒီး၊ ရောက်ကာစတုန်းက တစ်ယောက်နဲ့ ကွဲခဲ့တယ်၊ အခုတစ်ယောက်နဲ့က သူမိန်းမယူသွားလို့ ပြတ်သွားတယ် ကိုဒီး။ ဟုတ်...တစ်ယောက်တည်းနေပါတယ်။ ဆိုင်မှာက သူဋ္ဌေးက အခန်းပေးပါတယ်။ သမီးတို့ အလုပ်သမားတွေ စုနေကြတာပေါ့။ ဟုတ် ဆိုင်သိမ်းပြီ။ ပျင်းတာနဲ့ ဖုန်း ဖရီးကောယူထားလို့ ဆက်နေတာပါ။ ကိုဒီးရော စကားပြောလို့ရသလား၊ အော် ဟုတ်၊ လူပျိုကြီးလား။ အော် ဟုတ်၊ ကိုဒီး ရည်းစားဘယ်နှစ်ယောက်ရှိလဲ။ မရှိဘူးလား...အော်။ မယုံဘူးနော် ဟင်း ...ဟင်း။ မရှိဘူးဆိုတော့ အသက်က ဘယ်လောက်ရှိပြီလဲ။ အော် မီးမီးထက် သုံးနှစ်ပဲ ကြီးတာပေါ့။ အခုကိုဒီး ဘာလုပ်နေလဲဟင်၊ အော် ကိုဒီးကနောက်နေပြန်ပြီ.......ဖုန်းပြောနေမှန်းသိတာပေါ့လို့။ ကိုဒီးက ဘာအလုပ်လုပ်လဲဟင်။ အော် စက်ရုံလား။ ဒါဆို လစာကောင်းမှာပေါ့။ မီးမီးတို့ကတော့ ဘတ်ခြောက်ထောင်ပေးတယ်။ သူဋ္ဌေးကလေ ပိတ်ရက်က နှစ်ရက်ပဲပေးတယ်။ အပြင်လား အဲဒီနှစ်ရက်ဆို သူငယ်ချင်းတွေဆီလည်တယ် မိုးချုပ်ရင်တော့ အဲဒီမှာပဲ အိပ်တာလည်း ရှိတယ်။ ပြန်တာလည်း ရှိပါတယ်။ မီးမီးတို့ဆိုင်လား အော် ပသူနမ်မှာလေ။ ဟုတ် လာလည်လို့ရတာပေါ့။ တွေ့ဖူးရအောင် လာလည်ပေါ့ကိုဒီး။ အဟီး မီးမီးက ရုပ်ဆိုးတယ်၊ မလှဘူး။ ဒါကြောင့် ယောက်ျားမရသေးတာပေါ့လို့။ ရှာပေးမယ်လား ကောင်းသားပဲ။ ကိုဒီးရော တစ်ယောက်တည်းလား။ အော် ဟုတ် တူနေပြန်ပြီနော်။ အဟီး။ မီးမီး ကြားဖူးတာရှိတယ်နော် အသဲကွဲရင် ပွဲညှပ်နဲ့ ဖာရသတဲ့နော်။ ကိုဒီးကို ထားသွားတာလား၊ အော် ဖြစ်ရမယ်တော့၊ ဘာလို့တဲ့လဲ အော အဲသလိုလား။ ယူသွားပါစေပေါ့ သူထက်သာပြီး ငယ်တာလေးကို ရွေးယူလေ။ မီးမီးရှာပေးရမလား။ သူငယ်ချင်းတွေ ရှိပါတယ်။ အကူအညီလိုရင်ပြောနော်။ အခုမှ ရောက်လာတဲ့ မနူးမနပ်လေးတွေလည်း ရှိတယ်၊ အတွေ့အကြုံရှိတဲ့သူတွေလည်း ရှိပါတယ်။ ကြိုက်တာပြော။ ဒါပေါ့ သိပြီးသား ဒီမှာက မြန်မာနိုင်ငံလိုမဟုတ်တော့ အူတူတူလေးတွေကို မကြိုက်ကြဘူးဆိုတာ သိပါတယ်။ အင်း ဒါပေါ့....ဒါပေါ့။ ဟုတ်တာပေါ့။ ကောင်းပါပြီ အသက်ဘယ်လောက်လဲပြောထား တွေ့ရင် ဖုန်းချိတ်ပေးအုံးမယ်။ ကိုဒီးအကြောင်းလည်း ပြောထားအုံးနော်။ ဒါမှ ဟိုဘက် ဒီဘက် ပြောလို့ရမှာ။ အမယ် မပြောရင် သန်းသန်းကို မေးမှာပေါ့။ အင်း အင်း...ဟုတ်ပြီ။ အမယ် မီးမီးလား ပြောပြီးပြီလေ။ သန်းသန်းမေးကြည့်ပေါ့။ မီးမီးတို့က ရိုးရိုးသားသားပါနော်။ အော် ရည်းစားများ ဘာခက်တာလိုက်လို့ ဖုန်းနဲ့ ပြောကြတာပေါ့။ တခါတလေ အပြင်မှာ တွေ့တယ် မုန့်ထွက်စားကြတယ်။ အဲလောက်ပါပဲ။ မီးမီးလား ရည်းစားထားတော့ ထားချင်ပါတယ်၊ ခဏခဏ ပြတ်နေတော့ ရည်းစားမထားတော့ပဲ တခါတည်း ယူလိုက်ရင်ကောင်းမလားလို့ အင်း ဒါပေါ့ ကိုဒီးရှာပေး။ အောင်မလေး ရခဲ့ရင် ကိုဒီးကို မိုကထပ်မှာတော့ အဝ လိုက်ကျွေးနိုင်ပါတယ်လေ။ အဟီးဟီး။ ရည်းစားလား လိုချင်တာပေါ့။ ဒီအတိုင်းတော့ တစ်နေ့ တစ်နေ့ပျင်းတယ်လေ။ စားလိုက် အိပ်လိုက် အလုပ်လုပ်ကို တနေကုန်လုပ်နေရတော့။ အလုပ်ကလည်း တစ်လလုံးမှ နှစ်ရက်ပိတ်တယ်။ ပိတ်တဲ့ရက်လေးမှာ လျှောက်သွားပစ်တာပေါ့။ ဒီတစ်ခါ ပိတ်ရင် ပြောမယ်လေ။ ကိုဒီးက အိပ်တော့မလို့လား။ ဟင့်အင်း မအိပ်သေးဘူး။ ကိုဒီးပြီးရင် နောက်သူငယ်ချင်းတစ်ယောက်ကို ပြောအုံးမှာ။ မဟုတ်ဘူး မိန်းကလေးပါ။ သူက အိမ်အလုပ်လုပ်တယ်။ ဟုတ်။ ကိုဒီး အားခဲ့ရင် ဆက်မယ်လေ။ ကိုဒီးမအားမှာစိုးလို့ သိလား။ အော် ၂၄နာရီလုံးလား၊ ကိုဒီးက နောက်နေပြန်ပါပြီ။ အခုလို ညဘက်ပြောတာပေါ့နော် မီးမီးက နေ့လည် အလုပ်လုပ်ရသေးတယ်။ ဟုတ်ကဲ့ပါ။ ခေါ်လိုက်မယ်။ ဘိုင့်ဘိုင်နော် ကိုဒီး။
အင်း........အသိတစ်ယောက်တော့ တိုးပြီ အဟိ လူပျိုးလားမသိဘူး။ သန်းသန်း ဆီကို ဆက်ပြီး မေးအုံးမယ် ဟင်း။

မီးမီးသည် ထိုင်းအစားအစာအရောင်းဆိုင်တစ်ခုတွင် တစ်နှစ်ကျော်ခန့် အလုပ်လုပ်နေခဲ့တာဖြစ်သည်။ ထိုဆိုင်တွင် အလုပ်လုပ်ရန် ပွဲစားမှ တဆင့် အလုပ်ဝင်ခဲ့တာဖြစ်၏။ မီးမီးလိုပင် မိန်းကလေး ငယ်လေးပေါင်းများစွာတို့သည် အရေးမြောက်မြားစွာဖြင့် ဘဝကို လှုပ်ရှားရုန်းကန်နေကြရလေသည်။ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် လှုပ်ရှားရုန်းကန်နေရခြင်းပါတကား။
ဒီလိုနဲ့ ဝင်ငွေက နည်းပါး၊ အလုပ်က ပင်ပန်း၊ မိမိတို့ရဲ့ဘဝမှာ အပန်းဖြေစရာက ဘောင်က ကျဉ်း၊ လေ့လာစရာများနဲ့က ဝေးလို့ တဖြည်းဖြည်း အနေအထိုင်အပြောအဆိုလေး တွေကလည်း ပြောင်းလဲလာကြပါတယ်။ ဒီလို ပတ်ဝန်းကျင်ပြောင်းလဲလာတော့ အနေအထိုင် အပြုအမှုတွေလည်း ပြောင်းလဲလာကြတာ ကြာလာတော့ အမှားတွေသည်ပင် အမှန်ဖြစ်လာပါတော့တယ်။ အမှားကိုလည်း မှားမှန်းမသိ မှားနေကြရင်းနဲ့...........။

(အပိုင်း(၂)သို့။)

ခါဝဿန်(US)

ဝါဆိုပွဲတော် (၂၅.၀၇.၂၀၁၀)

သင်္ကြန်ပွဲတော်

သင်္ကြန်ပွဲတော်

လာရောက်အားပေးကြသော သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေံ

ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် ရဟန်းခံပွဲတော်

ဆီမီးထွန်းပွဲ အမှတ်တရ ဓာတ်ပုံများ